Thursday, February 13, 2014

27.Oct.2013

Supervisor တီချယ်မွေးနေ့။ဘုရားသွားကြတယ်။ တီချယ်အပါအ၀င်သူငယ်ချင်းတွေအားလုံးက သူ့ကိုဖွင့်ပြောဖို့၊နှစ်ယောက်တည်းစကားပြောဖြစ်အောင် အခွင့်အရေးတွေဖန်တီးပေးခဲ့ကြတယ်။ အဲဒီထဲမှာ အရိပ်သုံးပါးနားမလည်တဲ့ ဆက်ဝသုန်မောင် တစ်ကောင်ကြောင့် မပြောဖြစ်ခဲ့ပါဘူး။ဒါပေမဲ့ ကံကြမ္မာကအခွင့်အရေးနောက်တစ်ကြိမ်ထပ်ပေးခဲ့ပါတယ်။သော်တာဘုရားပေါ်မှာခြေထောက် အကြောတင်သွားတယ်။ လမ်းဆက်လျောက်လို့မရတော့တဲ့အတွက် အိမ်ပြန်ပို့ ဖို့အကြောင်းဖန်လာတယ်။ ဒီလိုနဲ့သူ့အိမ်ရှေ့ရောက်တော့ လမ်းမသိတဲ့ကျွန်တော့်ကို bustop ကိုလိုက်ပို့ပေးရင်း YMBA ရဲ့ဘေးမှာပဲ ချစ်တယ် လို့ပြောခဲ့တယ်။ ကျွန်တော်အဖြေပြန်တောင်းတော့ နောက်နေ့မှပြောပြမယ်တဲ့။သူ့ပြောတဲ့နောက်နေ့ဆိုတာကိုစောင့်ရင်းတစ်နေ့ တစ်နေ့နဲ့ တစ်လပြည့်သွားခဲ့ပါတယ်။အဲဒီတစ်လဆိုတာ ကျွန်တော့်အတွက်ဆိုရင်တော့ တစ်နှစ်လောက် ကြာခဲ့ပါတယ်။

No comments:

Post a Comment